Wednesday, March 17, 2010
ကိုယ်ရေး အချက်အလက် အချို့
ပုံမှန်အားဖြင့် လွှင့်တင်ချက်ကို ကန့်ကွက်မည့်သူ များများစားစား မရှိသေး
အချိန်ကာလ အားဖြင့် နေ့မခြား(နဲ့)ညမခြား မမြင်ကွယ်ရာ၌ ဖြစ်၍
လည်းကောင်း (ဥဒ ဟိုဝင် ဒီထွက်)
စက္ကူကြမ်း တစ်ရွက်ဈေး၊ မိုက္ကခရိုချက်စ် နှင့်
ဒီဘက်ခေတ် နှင့် ဟိုဘက်ခေတ် ကြား ကျွန်တော့်အသက် ခေတ္တ(၂၁)
မှန်ထဲ၌ ကွာဟချက် ကြီးမားမှုမရှိကြောင်း နေ့စဉ် တွေ့ရှိရ
မေမေ။ ။ အရမ်းအရွယ်ကျ သွားတာပဲ
သား ။ ။ သိပါတယ် မေမေ မမြင်ရတဲ့ရက်တွေ ကြာခဲ့ပြီပဲ
DNA တွေ ပြောင်းလဲ သွားတာ ဖြစ်လိမ့်မယ်
ညတိုင်း လူခြေတိတ်ချိန် ကိုစောင့်နေရတာ နေ့တိုင်း
လူမှုရေးကွန်ယက်တွေ သတိထားလာရတယ်လေ (တချိန်ချိန် ဒုက္ခပေးနိုင်ကြောင်း)
ပုံသဏ္ဍာန် အားဖြင့် နှစ်ပင်လိမ်ထားသော ပုံသဏ္ဍာန်ထဲမှာ
နယူကလိယ အက်ဆစ်မော်လီကျူး ဖြစ် ပါတယ်
ပြင်ဆင်မှုတွေ အတွက် ကုန်ကျစရိတ် မြင့်တက်လာတယ်
(ကျွန်တော် လည်း တဖြည်းဖြည်း နီးလို့လာတယ် သူရော.. သူရော..)
ကြောက်လန့်တကြားနဲ့ မှန်ထဲသို့ခုန်ဝင် သွားလို့ရပါ့မလား
ယုန်လေလော ကြောင်လေလော ကျွန်တော့်ထံ အရောင် မတူသော
အသွေး မတူသော
အသား မတူသော
အရိုး မတူသော
အရည်ကြည် မတူသော
ဒီဂရီ မတူသော
ကိုင်း မတူသော
နှစ်ချင်း နှစ်ချင်း၊ လချင်း လချင်း၊ နေချင်း နေချင်း၊ ဂြိုဟ်ချင်း ဂြိုဟ်ချင်း
ဝေ့၀ိုက်(ဝှေ့ဝှိုက်) သွား ကြတယ် “မူလ အနက်”
မမြဲခြင်း တွေကို မှတ်တမ်းတင်ထားတာ သားသွားရင် မေမေ တော့
ဘယ်ကိုမှ မသွားရဘူး အဲဒီတော့ သိမ်းထားပေးပါ (သိလျှက်)
ကြာကြာတော့ ခံတော့မယ် မထင်ပါဘူး ဆိုပြီး တရစ်ရစ်
တော်တော်လေး ပါးတာ မကွဲအောင် ပြန်(ပြန်) ထိန်းရင်း
အက်ကြောင်းတွေကို အက်ကြောင်းချင်း မြိုစွပ် နေကြတယ်
နှစ်ဖက်သွား လမ်းလယ်က ကျွန်းစုသေးသေးလေး
ထပ်ပိုးလမ်းမကြီးများ မျက်နှာပြင် မြင့်တက်လာမှု နဲ့ ပျောက်ကွယ် သွား
ကတ္တရာတွေ ပိနေတဲ့ သံလမ်းပေါ် သတိမထားမိကြတော့သော
အ-တိတ်-ကာ-လ လူမှုဘ၀ ဖြတ်သန်းခဲ့ကြပုံ
အဲဒီ စကားလုံးတွေက ထုတ်ပိုးပစ္စည်းထဲမှ ထင်ဟပ် အချို့ ပေါ့
အသုံးပြုသူအမည် နှင့် စကားဝှက် လိုကောင်း လိုနိုင် ပါတယ်
အရေးကြီးကောင်း ကြီးနိုင်ပါတယ်
မျိုးရိုးဗီဇ အချက်အလက်များ တွေ့ရှိသောအခါ-
အဖြစ်အပျက်အားဖြင့် မမြင်နိုင်လောက်အောင် သိသာလွန်းတယ်
တကွက် နှင့် တကွက် ကြား ကန့်သတ်ချက် ဖြင့်ချိတ်ဆက်ထားကြောင်း
အထစ်ထစ် အငေါ့ငေါ့ ဖြင့် အသံများ ပဲ့တင်မြည်ဟီး ဒဿမ ခုနှစ်...။ ။
လင်းရမ္မာ
၁၄.၃.၂၀၁၀
မြန်မာစံတော်ချိန် ည ၁၁ နာရီ ၁၅
Tuesday, March 16, 2010
နာမ်စကား၊ ရုပ်စကား / Numskull, Rude skull
စွန့် ထုတ် ချင် သော
ရိုး အီ လာ ပြီး
ပြန် လည် သုံး စွဲ
ဗ ဟို ချက် မ
အဲ အချိုးတွေ မလိုချင်တော့ဘူး နောက်ဘ၀ အခွံ တစ်ခု ဖြစ်ဖြစ်မျှ၊
ဂလိုဘယ် ကာလ်ချာတွေ လိုကယ်တွေ ထဲ ယုံကြည်မှု နဲ့ တည်ဆောက်ထားသမျှ၊
အဲ သည် တွေထက် ခပ်မာမာ ရှဲလ်တစ်ခုမျှ၊ ကစဥ့်ကလျား ဖြစ်အင်တွေ အတွက်
အစီအစဉ်ကျနမှု မလိုတော့ဘူး၊ အပြန်ပြန် အလှန်လှန် စွပ်သာရုံမျှ၊ ဘ၀ (ဘုံ=ကူး)
တို့စီးရဖို့ တန်ဖိုးအနည်းငယ် ဆိုရုံမျှ၊ လူအချင်းချင်းဟု သတ္တ၀ါတွေ ဆင်ခြင် ခေါ်မိရုံမျှ၊
ဝမ်းစာအတွက် အူတကျုတ်ကျုတ် အူသံ ဆူညံနေတာတော့ ဤမျှ..
တဘက် နှင့် တဘက် သေချာသည်က တဘက် နှစ်လုံး နှင့် တစ်လုံးမျှ၊
ငါ့ နာ မင်း
ရေး
မင်း နဲ့ ငါ့
ကြား -စောင့်ဖတ်စရာ မနက်ခင်း နှင့် လက်ဖက်ထမင်း နှင့် ငါ မသေသေး
သရွေ့ ရောင်းစားနေရဖို့ ကျန်သေးတာတွေ မလိုချင်ဘူး။
-မည်သည့်နေ့ ပေးမည် မသိသေးသော မလိုချင်တော့ ပါ
နေသည့် ခွေးတို့၏ တာဝန် နှင့် ၀တ္တရား သိတတ်မှုဖြင့်
မသိသေးသော မည်သည့် နေ့ကိုလည်း မလိုချင်ဘူး။
အခွံ တစ်ခု ကို(ယ်)/က နေရာအနှံ့ ၀င်သာ ထွက်သာ ပျံ့နှံ့သာ၊
နာမ်ချည်း သက်သက်သက်မျှ၊
အသစ် အသစ် သော...၊
ကြိုးကို လက်ဖြင့်ကိုင်၍ ဆွဲချသွား သော...၊
အဟောင်း မပါဝင်သော...၊
ရုပ်ချည်း သက်သက်မျှ၊ ။ ။
Lynn Rammar
Friday, March 5, 2010
အမောတကော ချီးကျူးထောပနာ အေဒီ-j
Thursday, February 25, 2010
ဧရာဝတီ မြစ်ဝှမ်းက ဂူသင်္ချိုင်း ကြီး များ
လွင့်ရင်း… နှင့် ဆန္ဒ ဆန် မရ စုန် မရ မ, ရ"ဧရာဝတီ မြစ်ဝှမ်းက ဂူသင်္ချိုင်း ကြီး များ"
လိုက် ရော က် ခ် ဂ် ပြန် စ လိုက် ပြန် ရ
သို သို သိပ် သိပ် ခါ တရား ရဲ့/နဲ့ တည့် တည့် လျှာ
မြန်မာ့ မြန်မာ ဟေ့ ခပ် မာ မာ ဣတ္ထိယ တွေ ပဲ များ များ စား စား
ဇီ ၀ိုင် X W V U P(op) la so ဖာ မီ ရေ ဒို
ယဉ်ကျေးမှုထွန်းကားရာ အသင် နှင့် အမောင် U & Me and
He He တဲ့ ဒါ ရယ်စရာလား
ဘာမှမတွေးနဲ့ ဆို (တာ) ဘာမှမတွေးနဲ့
အချိန်တန်တဲ့ အခါ အချိန်တန်တယ် ယှိယော့ဋ္ဌင့်
Amour! Fille! Bisous! ti amo ! တကယ်ရော လှရဲ့လား
ပိရမစ်တွေဆီ ရောက်ချင်သွား သေးတယ် .. ဝေးတယ် .. နှေးတယ်
ပုပ် သိုး ဆွေး မြေ့ ကဗျာဗေဒ ထဲက လောက် အစုလိုက် ထွက်ကျ
လောက် လောက် လား လား ပြစရာ လွယ်အိတ်တစ်လုံး ပုခုံးထက် ထမ်းကြိုး
ဘိ တော် တော် ရှားသလား အလျှော်ဇယား၊ အလန်းဇယား၊ အလှန်ဇယား Graph ဆွဲ
တစ်နေ့လုံး တွက်ချေမကိုက် သေးကြောင်း သကောင့်သားထံ တင်ပြပါ
ငှက်ပျောပွဲ၊ အုန်းပွဲ နဲ့ စိန်လက်စွပ် တစ်စုံ ဟာ ရင့်မှဲ့စေကြောင်း ထင်ယောင်မြင်မှား
သက်သေ သက္ကာယများ ရောင်ပြန်ဟပ်မှု ခဏ ခဏ
သားကတော့ ဒီလိုပဲ ၀ါးစား ပစ် တယ်။ ။
Lynn Rammar
February 23, 2010
Tuesday, February 16, 2010
ခေါင်း မ စဉ် ပါ
ကိုယ့်အကြိုက် နဲ့ သူဖြစ်ချင်တာ
လိုချင်တာတွေ ထက် လိုချင်သူတွေက ပိုများလာတာ
ပုံသဏ္ဍာန်မကျတော့တဲ့ နေ့စဉ်လည်ပတ်မှုတွေလို
ငါ က ဘယ်သူ့အတွက် ရယ် မှန်း မသိတော့ဘူး
ရှိသလားမေးတော့ ပြန်ထူးဖို့တောင် နှုတ်ဆိတ်နေရတယ်
အဖြစ်အပျက်တွေ အတွက် ခင်းကျင်းရတာက ပုံမှန် လိုလို
‘၀မ်းတီး’ ဆိုရင် အိုခေ ပါပြီ… ရိုးရိုးပါပဲ
နွေးထွေးမှု ဆိုတာ ထက်လွန်ကဲ လာပြီထင်တာပါ
နောက်ဆုံးသိလိုက်ရတဲ့ အချိန်အထိ ယုံကြည်ပေးရမလား
တွေဝေမှုကို မုန်းတီးရမလား
ဘယ်လို နားလည်ရမှန်းတောင် မသိတော့
ပိတ်နေတဲ့ လမ်းထဲ ဇွတ်တိုးဝင်တယ် ထင်ကြမယ်
ငါရယ် ဆိုတာ အချက်ပြစနစ် တစ်ခုတောင် သိသူမှမဟုတ်ပဲ
တစ်ခုတော့ ရှိတယ်
အဖြစ်လောက် ရှိတယ်
အဖြစ်မရှိဘူး
တကယ်ဆို မြို့ကြီးပြကြီးမှာ မီးတိုင်ထွန်းရတာလဲ အဆန်းသားပဲ မဟုတ်လား
ထင်ချင်လည်း ထင်၊ မထင်ရင်လည်း ယူပြီးပစ္စည်း ပြန်မလဲရပဲ မဟုတ်လား
ဖြစ်ချင်တာ ဖြစ်ရပါစေ့မယ်
အဲဒီစကားတွေဟာ ရေဒီယိုတွင်ကျယ်စဉ်ကတည်းက သုံးခဲ့တာပါပဲ
ချိန်ကိုက် ဖမ်းယူ၍ ရကောင်းမှန်း သိပါရဲ့
အသိဉာဏ်ကတော့ အဟုတ်ထင်ရလောက်အောင် ကင်းမဲ့နေတယ်
လမ်းမများဘူး လမ်းပျောက်နေတယ် လမ်းမကောင်းဘူး လမ်းလျှောက်နေတယ်
ဘယ်သူက လမ်းသူခိုးလဲ လမ်းခိုးကြရင် လက်တို့ပါ ဆိုသူက များနေတယ်
ပိတ်ရပ်မယ့်အစား ငါ့ကိုတိုက်သွားလိုက်စမ်းပါ
ငါ့ ဖိနပ်တွေညစ်ပေနေခဲ့ ပြီပဲ
ကြိုက်ရာရွေး ဆိုပြီး ပုံသေတန်ဖိုးတစ်ခု ငါ့လည်ပတ်မှုမှာ မရှိဘူး
အပြင်မှာပူနေပြီ သက် ရောက် မှု တော့ရှိကောင်း ရှိရမယ်
မရှိရင်ကောင်းတာတော့ ခင်ဗျားလည်းသိတယ်ဟုတ်?
ရန်သူမျိုး နွယ်စုတွေ ဇာတ်ကားထဲ (မော်နီတာထဲ) လုပ်ဇာတ်ဆင်နေတယ်
လောကကြီး… အဲဒါတွေ စတော့ ပါ
သူက ဟိုလို ဆွဲတွေးတော့… ငါက ဟိုလိုလို ဒီလိုလို…
ခင်ဗျား ဒရွတ်တိုက်ကြီးတော့ ပါမသွားပါစေနဲ့
အပိုတွေ ၊ အလိုတွေ ၊ ညှိကြ နှိုင်းကြ ။ ။
လင်းရမ္မာ
16/2/2010
Wednesday, January 20, 2010
ဖောက် (ဖောက်) ပြန်လာတဲ့ ချန်နယ် (Channel)
အလွန်ကြွယ်ဝတဲ့ ဆူညံမှုတွေ ရှေ့တိုး နောက်ဆုတ် ပွတ်တိုက်နေကြ
ခြေမွှလိုက်တဲ့ ပီကယ်တွေ ပလက်ဖောင်း နံဘေး ကပ်လို့
အသံတွေ ဆွဲယူသွားလိုက်ပုံများ ... အသံတွေ ...
မူလနေရာမှ မူလဟာ တင်ကျန်မှုကြောင့် ဖုံးအုပ်ခံလိုက်ရ
အတွေးတစ်ခုရောက်လာပါက အိပ်ကပ်ထဲ တဆစ်ချိုးငဲ့တွက်လိုက်ရ
မတုံ့မဆိုင်း အလုပ်လုပ်သွားပုံအား နောက်ကျမှ သိလိုက်ရပုံ
မင်းပြောနေတဲ့ သူ့အကြောင်းတွေ (Head Phone အသံ လုံးဝ ပိတ်လိုက်ပါ)
အခု ငါ ရှေ့ မရဲတရဲတိုးမယ်/ နည်းနည်းချင်း တိုးမယ်/ လုံးဝဥဿုံတိုးမယ်
အခု ငါ ဆိုတာ ရှိနေသားပဲ မရဲတရဲဆိုတယ်/ နည်းနည်းဆိုတယ်/ လုံးဝဥဿုံဆိုတယ်
အခု လေးတင် ငါ မောင်းထွက်သွားတာ ဒီမျက်နှာပြင်ပေါ်
(အမှိုက်သိမ်းရင်း) ဘယ်မကြည့်ပဲ ပီကယ် ကောက်ဝါးလိုက်တယ်
မျက်နှာပေါ်က စကားလုံးတွေက သင်္ကေတလား
ခြေတစ်ဖက်က ဘယ် လက်တစ်ဖက်က ညာ
ဆိုးလိုက်တဲ့အဖြစ် ဆိုးတာ နက်သည်ထက် နက်နက်လာ (အီမို တစ်ယောက်မို့ပါ)
ကွေးညွှတ်ထားတဲ့ ဒူးတွေက လူတိုင်းနီးပါး အမြင်အာရုံမဲ့နေသေးလို့ပေါ့ ငါရယ်တဲ့
“မဆန်းပါဘူး” xxx xxx ကျယ်လောင်စူးရှသံကြီး ထိုး ထွက် သွား ပုံ ၀ဲ ယာ
လက်ကလေးက နဖူးစပ်ကိုခပ်ပြီး ခေါင်းထိန်းထားလိုက်ရတယ်
ရှိတဲ့နေရာကို ငါ့ဆီပို့ပေးပါ
နောက် ဆုံးသော မျှော်လင့်ချက် ဆိုတာ စိတ္တဇနာမ် မဟုတ်ဘူးလေ
ဒါဆို စား သလား အသက်နဲ့ခန္ဓာ အိုးစားတော့ မကွဲအောင် လေးယောက်ထပ်ရှာထားတယ်
သူ့ကို ငါမသိပါဘူးလို့ အရှိကို အရှိအတိုင်းဆိုတာပါ
သူ့ကို မေးကြည့်ပါ၊ သူလည်း သိပါရဲ့
ရာသီဥတု ဆိုးရွားလိုက်ပုံက ငါ မမြင်ချင်တာတွေတောင်(အ) ဖြူ ဆွတ်လို့။ ။
လင်းရမ္မာ
10/1/2010
Sunday, November 8, 2009
Titleless Poetry
လောကဓာတ် (ပညာ) တွေကြောင့် (ဖြစ်ချင်ဖြစ်မယ်)
သူ လောကကြီးကို တော်တော် ဓာတ်(ဒတ်) သွားပြီ.. (တဲ့/ဒဲ့)
သူက လူပျက် တစ်ယောက် မဟုတ်ရပါဘူး (တဲ့/ဒဲ့)
သူက လူပြက် တစ်ယောက် (မျှသာ) ဖြစ်ကြောင်း သက်သေပြချက် နည်းစုံစွာနဲ့ ရှင်းလင်း ရှုတ် (ချ/ဖွ) သွား ပြန်တယ်..၊
ဘောင်-ဘောင် ဘောင်-ဘောင်
၊ ထဲ ၊ (ကို) ၊ ၊ ပြင် က ဖျက်/ဖြစ် နေတာ ဖျက်/ဖြစ် မယ်။
ဘောင်-ဘောင် ဘောင်-ဘောင်
ဘောင်-ဘောင်
ရှိနေတဲ့ ၊ ၊ ဟာ ရှိနေလို့ ဖျက်/ဖြစ် နေတာ ဖျက်/ဖြစ် မယ်။
ဘောင်-ဘောင်
ရယ်စရာ ပြောရင် မော တယ်၊ ရယ်ရယ်မောမော၊ ပေါ့ပေါ့ပါးပါး၊ ခါးကိုလည်းကော့ထားတယ် (တဲ့/ဒဲ့)။
ဗိုက်ပူကြီးတွေ.. မြို့ထဲ လမ်းမကြီးတွေကနေ မောင်းထုတ်ခံရတယ်။
ဗိုက်ပူကြီးတွေ.. မြို့ပြင် လမ်းမကြီးတွေတလျောက် ခြေဆန့်နေပြီ။
ထပ်ပြီးမောင်း ပစ်ရမယ့် အရာ(ရာ)တွေ ကျန် ရှိ နေ သေး တယ်။
အထပ်လိုက် လိုက်လိုက်ထပ်ပြီး ထပ်မောင်း ပစ်ရမယ့်/နေကြတဲ့ ...။
သူတို့ဘာသာစကားနဲ့ သွားကြားထိုးတံတွေ။ သွားကြားက အသားစ တွေ ရှင်းလင်းသုတ်သင်ပစ်ရေး ကြိုးပမ်းမှုတွေ။
“မူးလျှင်မမောင်းနှင့်” စတစ်ကာ(သတိပေးစာတမ်း) ကို သတိပြုကြည့်လိုက်တော့-
Proudly Supported By "Dot-Dash-Dot-Dash Liquor/Beer/..."
ပေါင်းစပ်ပုံကို ရယ်ခြင်းချရမှာလား၊ လက်ပန်းကျတာ ပါစပ်စေ့မရတော့ဘူး။
သောက်လျှင် မကောင်းဘူး {Request or(der)}
သောက်လျှင် ကောင်းတယ် ( Statement )
ကောင်းတယ် ကို မှန်တယ် လို့ ဆိုပြန်တယ်၊ မှန်တာက အခြားတစ်ဖက်၌ မှားတာ ဖြစ်ပြန်တယ်၊
အဓိပ္ပါယ် ( ဖွင့်ပုံ ) မတူ၍-
မှန်တယ်၁
မှန်တယ်၂ လို့ထပ် ( ခွဲ/ဖွင့် ) လိုက်ပြန်တယ်။
ထပ်ဖွင့် လိုက်တော့ ပို၍ မှန် ဖို့ ၇၅% သေချာသွား ပြန်တယ်။
ဘယ်သူမှ မရှိဘူး။ တကယ်တော့ ဘယ် "သူ" တစ်ပါး မှ မရှိဘူး။
ပွန်း ရိ/ပဲ့/ရှ နေတဲ့ စိတ် ဟာ ခန္ဓာရဲ့ ဘယ်အပိုင်းမှာ တည်နေသလဲ???
အင် စပီရေးရှင်း(Inspiration)၊ အိက်ခ် စပီရေးရှင်း(Expiration) ကို သတိထား လုပ်ပါတဲ့။
သတိထား ဆိုတာ..???
Meditation လား ပြန်မေးတော့ ပါးစပ်ကြီးဟ လိုက်တယ်၊
ပါးကြီးဖောင်းပြီး ပါးစပ်ကြီး ပြန်စေ့(စိ) သွားတယ်။
ဟာ...သွားပြီ...သွားပြီ...
ပြာတွေ ကြွေကျလာတာ... ငါ့ပတ်ဝန်းကျင် ဝဲ ယာ တနံတလျား မှာ-
ဘာပြာတွေလဲ... ပြာပြာသလဲ ကြည့်တော့-
ပြာတွေ ဟာ ပြာတွေဖြစ်တယ် သလဲ(သဲ)တွေ မဟုတ်ဘူး...မဟုတ်ဘူး...မဟုတ်ဘူး...၊
အစမှာ- စီးကရက်ပြာတွေ (ဖြစ်ကောင်းဖြစ်နိုင်တယ်)
သေချာသေချာ ကြည့်တော့ ငါဟာ သေချာနေတာ ငါ သေ(ကြာ) နေတာ..
အဆုံး(ဆိုသာသလား)မှာ- ငါ့အရိုး/အသွေး/အသား ပြာတွေ...။ ။


